စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘော(၁၁)စီး ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ King Peacock Columnက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မုံရွာမြို့ကနေထွက်ခွာလာပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အဲဒီအကြမ်းဖက် စစ်သင်္ဘောတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မနက် ၁၁နာရီမှာ ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ FBGAI AK ပြောက်ကြားအဖွဲ့တို့နှင့်အတူ ဒေါင်းမင်းစစ်ကြောင်း(အညာတပ်ခွဲ)က ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုကို အတည်မပြုနိုင်ခဲ့ဘူးဆိုတာနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။