မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ပခုက္ကူသို့ ထွက်ခွာလာသော စစ်ကားတန်းကို သစ်ပင်ပေါ် လခြမ်း မိုင်းတင်၍ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း အလင်းတန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က သတင်းပေးပို့ပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၂ နာရီအချိန် မကွေးတိုင်း၊ မြိုင်မြို့မှပခုက္ကူ သို့ ထွက်ခွာလာသော စစ်ကားတန်းကို ပခုက္ကူမရောက်မီ မြိုင်-ပခုက္ကူ လမ်း ကြောင်း တစ်နေရာတွင် လခြမ်းလေးလုံး မိုင်းပွိုင့်နှစ်ပွိုင့်ကို သစ်ပင်များ ပေါ်တင်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မိုင်းစများ စစ်ကားများအတွင်းသို့ ဝင်ရောက် ထိမှန်ပြီး စစ်သား ၄၀ ခန့် ထိ ခိုက်မှု ရှိနိုင်ကြောင်း ၊ သေဆုံးမှု ရှိ၊ မရှိကိုမူ ဆက်လက် စုံစမ်းနေ ဆဲဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်ညီနောင်တပ်ဖွဲ့သုံးဖွဲ့ဖြစ်သော အလင်းတန်း ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ MVPRF၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ကြကြောင်း သိရှိရသည်။