ရေဖြူ ရပ်တော်မူ ဘုရားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Dawei Defense Team DDT တပ်ခွဲ၃(ထားဝယ်-ပကဖ) ၊ ဝေဟင်အဖွဲ့ (ပကဖ-ရေဖြူ)နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စနိုက်ပါဖြင့်ပစ်ခတ်ရာတွင် ခမရ(၄၀၈/၄၀၉)တပ်ရင်းမှ စစ်သား ၂ဦးသေဆုံးခဲ့ပြီး အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေသည့်အချိန်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်များ၊ ယာဉ်တန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် ခပ်ဝေးဝေးနေပေးကြပါရန် သတိပေးထားကြောင်းလဲ ဖော်ပြထားပါသည်။