မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၉ ခုသို့ ဗြိတိန်နိုင်ငံသားများ ခရီးသွားလာခြင်း လုံး၀ မပြုလုပ်ရန် ဗြိတိန်အစိုးရ The Foreign, Commonwealth and Development Office (FCDO) က သတိပေးချက် ထပ်မံ ထုတ်ပြန်သည်။
ဗြိတိန် FCDO အနေဖြင့် မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ ကရင်၊ စစ်ကိုင်းနှင့်မကွေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း မြောက်ပိုင်းဒေသများသို့ လုံး၀ ခရီးမသွားကြရန် သတိပေးကြောင်း ၊ ရှမ်းပြည် နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်း၊ စစ်တွေခရိုင်အပါအဝင် ရခိုင်ပြည် နယ် အလယ်ပိုင်း ဒေသများသို့ မလိုအပ်ဘဲ ခရီးမသွားကြစေလိုသော်လည်း လိုအပ်ပါက ပြင်ဆင်ရန် သွားရောက်နိုင်ကြောင်း အကြံပြု သတိပေးထားသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် ကြိုတင်မှန်းဆ၍မရဘဲ အချိန်မရွး ပြောင်းလဲနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်းတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာ သိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုများနှင့် တိုက်ခိုက်မှု များအပါအဝင် အကြမ်း ဖက်တိုက်ခိုက်မှုများ သိသိသာသာ ဖြစ်ပွားခဲကြောင်း၊ ရန်ကုန်နှင့် နေပြည် တော်အပါအဝင် တိုက်ခိုက်မှုများသည် အဓိကအားဖြင့် အစိုးရ အဆောက်အအုံများနှင့် စစ်ဆေးရေးဂိတ်များကဲ့သို့သော စစ်တပ် သို့မဟုတ် ဝန်ကြီးဌာန ဆက်စပ်နေသည့်နေရာများကို ဆက်လက်ပစ်မှတ်ထားဆဲဖြစ် ကြောင်း၊ ခရီးသွားခြင်းမပြုမီ မြန်မာနိုင်ငံ၏ လက်ရှိ ပြည်ဝင်ခွင့် လိုအပ်ချက် များကို စစ်ဆေးရမည်ဖြစ်ကြောင်း ဗြိတိန် FCDOက အကြံပြုထားသည်။
လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကိုင်တိုက်ပွဲများ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပဋိပက္ခနှင့် သိသာထင်ရှားသော အကြမ်းဖက်မှုများ ရှိနေကြောင်း၊ မြို့ပြအများစုတွင် ပုံမှန်နေ့စဥ်ဘဝ ပြန်လည်စတင်နေသော်လည်း နိုင်ငံရေးတင်းမာမှုများ တိုးပွားလာကာ၊ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပွားနေ ကြောင်း၊ စစ်တပ်နှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် စီးပွားရေး လုပ်ငန်း များကို တိုက်ခိုက်မှုများ ရှိနေကြောင်း ၊ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတို့တွင် တိုက်ခိုက်မှုများ တိုးလာကြောင်း ထုတ်ပြန် သတိပေးထားသည်။