အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး ထောင်ချထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးရန်၊ အမြန်ဆုံး ပြန်လွှတ်ပေးရန် မလေးရှား လွှတ်တော်အမတ် ၁၃၅ ဦးက လက်မှတ်ရေး ကြေ ညာ ချက် ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း The Malaysian Reserve က စက်တင်ဘာလ ၁၉ ရက်နေ့တွင် သတင်းဖော်ပြသည်။
ပါတီပေါင်းစုံမှ မလေးရှား ပါလီမန်အမတ် ၁၃၅ ဦးက စစ်ကောင်စီအနေဖြင့် အကျဉ်းချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးရန်၊ ပြန်လွှတ် ပေးရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြခြင်းဖြစ်ပြီး မလေးရှား လွှတ်တော်အမတ် Seputeh MP Teresa Kok က ဦးဆောင်သည့် အမတ်များအားလုံးက အဆိုပါ ကြေညာချက်လက်မှတ်ရေးထိုးကြသည်။
“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာ ရှိနေတဲ့ အတွက် ကျနော်တို့အနေနဲ့ ဒါကို စိတ်ပူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး ကုသခွင့်ပေး ဖို့၊ ပြင်ပဆရာဝန်တွေနဲ့ အမြန်ဆုံး ပြသပြီး ကျန်းမာ ရေး စောင့်ရှောက်မှု ခံယူနိုင်ရေး ခွင့်ပြုပေးဖို့ စစ်ကောင်စီကို တောင်းဆိုပါတယ်။ အာဆီယံဒေသက လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ မြန်မာပြည်သူ တွေနဲ့ တညီတညွတ်တည်း စည်းလုံးညီညွတ်စွာ ရပ်တည်နေပါတယ်။ စစ်တပ် က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မလေးရှား လွှတ်တော် ကိုယ်စား လှယ်များ၏ ကြေညာချက်တွင် ရေးသားထားသည်။