နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတနပ် ၁၅ဘတ်အဖွဲ့တို့က မိတ်ဆက်တွေ့ဆုံပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ စက်တင်ဘာ ၂၀ရက် ဒီမနက်ပိုင်းမှာ ကျင်းပခဲ့ကြပါတယ်။
တော်လှန်ရေးကာလ ကြာမြင့်လာတဲ့အခါ မဲဆောက်ရောက်တော်လှန်ရေးအင်အားစုတွေ စားဝတ်နေရေးအခက်အခဲများကို တက်နိုင်တဲ့ဘက်က ကူညီဖြေရှင်းပေးတာဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။
မဲဆောက်ရောက် CDMဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအင်အားစုအားလုံးအတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပြီး တနင်္လာ
၊ကြာသပတေး တပတ်၂ရက်သာဖွင့်လှစ်နိုင်တာဖြစ်လို့ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်လို့ ဘာသာပေါင်းစုံကွန်ရက်ကနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
ဒါ့အပြင် မဲဆောက်ရောက် ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံက လာရောက်စားသုံးနိုင်တယ်လို့လည်း ဆိုပါတယ်။
ဟား ၅ကောင်လူရွှင်တော်အဖွဲ့က ကိုပိုးလေးက “ကျွန်တော်တို့ တပတ် ၂ရက်သာ ဖွင့်လှစ်နိုင်သေးတာမို့ ရက်ရှည်ဖွင့်လှစ်နိုင်ဖို့အတွက်ကို အလှူရှင်တွေလိုအပ်နေတယ်”လို့ ကိုပိုးလေးက ပြောပါတယ်။
လက်ရှိထမင်းတနပ် ၁၅ဘက်ကို အမေရိကန်နိုင်ငံရောက် ၈၈မျိုးဆက်နိုင်ငံရေးအင်အားစုတွေ ဘတ်၆သောင်း မတီလှူဒါန်းမှုနဲ့ဆောင်ရွက်နေတာဖြစ်တယ်လို့ ဘာသာပေါင်းစုံကွန်ရက်နဲ့ထမင်းတနပ် ၁၅ဘတ်အဖွဲ့ရဲ့ မိတ်ဆက်တွေ့ဆုံပွဲက သိရပါတယ်။