ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ပွဲဝင်ရာ၌ အမျိူးသမီး ရဲဘော်များလည်း ပူးပေါင်းပါဝင်ကြောင်း KNDF/B-12 က ထုတ်ပြန်ထားသည်။
တော်လှန်ရေးအတွင်း အမျိူးသားရဲဘော်များနှင့် အတူ တစ်သားတည်း ပါဝင်နေကြသည့် အမျိူးသမီး ရဲဘော်လေးများ လည်းရှိကြောင်း၊ အမျိူးသမီး ရဲဘော်များသည် စစ်သင်တန်းကို လွယ်ကူစွာ ကျော်ဖြတ်ခဲ့ရခြင်း မဟုတ်ဘဲ လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ရသည်မှာ လွယ်ကူသည့် ဆုံးဖြတ်ချက် မဟုတ်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး ရဲဘော်များသည် ကျရာ တာဝန်ဖြစ်သည့် ထောက်ပို့ပိုင်း၊ ဘဏ္ဍာရှာ ဖွေ ရေးပိုင်း၊ ကျန်းမာရေးပိုင်း၊ စာရင်းအင်းပြုစုမှူ (ရုံးပိုင်းဆိုင်ရာ)ပိုင်းတွေမှာလည်း အားတက်သရော ပါဝင်လျက်ရှိကြောင်း၊ အမျိူးသားများနှင့် တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အမျိူးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေရန်အတွက် အမျိူးသမီးရဲဘော်လေး တွေရဲ့ လှုပ်ရှားမှူပုံရိပ် တစ်ချို့ ကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KNDF/B-12 က ထုတ်ပြန်ထားသည်။