ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာ ရာအိမ်မှူး မောင်လွင်ကို သွား ရောက် သတိပေးပစ်ခတ် ခဲ့ရာ သေဆုံးခဲ့ပြီး ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင် အား ၁၀၀ ခန့်ရောက် စိန်ခေါ်မှုများရှိနေကြောင်း ဒေသနေပြည်သူများက ပြော ကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီခွဲခန့်က ရေတာရှည်မြို့နယ်၊ ကွမ်းအုံ ကျေးရွာအုပ်စု၊ ကွမ်း အုံကျေးရွာနေ ရာအိမ်မှူးမောင်လွင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရေတာရှည်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ခန့် အုပ်ချုပ်ရေးမှူး များအားလုံး အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးမှုများရှိနေကြောင်း၊ ကွမ်းအုံရွာ အရှေ့ရှိ တာရိုးဘေးတလျှောက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အား ၁၀၀ ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ကို စိန်ခေါ် ထား ကြောင်း သိရသည်။
“ကွမ်းအုံကျေးရွာ ရာအိမ်မှူးမောင်လွင် ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ ရေတာရှည်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ သတိပေးထား တယ်ကြားရတယ်။ ကွမ်းအုံ ရွာအရှေ့မှာရှိတဲ့ တာရိုးမှာလည်း PDF အင်အား ၁၀၀ လောက်နဲ့ စိန်ခေါ် ထားတာ၊ အဖွဲ့နာမည်တွေတော့ မသိပါဘူး။” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။