မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်သို့ စစ်အင်အားဖြည့်တင်းရန် ထွက်လာ သော အကြမ်းဖက်စစ် ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင် ဂျစ် ပင်ပျူစောထီးရွာစခန်းမှ အင် အင်အား ၁၀၀ ခန့်ဖြင့် ကမ္မမြို့သို့ စစ်အင် အားဖြည့်တင်းရန် ထွက်လာသော ခြေလျင်စစ်ကြောင်းကို Pakokku People Defense Force – PPDF တပ်ဖွဲ့က မိုင်းအဝါပုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှ အင်အား ၇၀ ခန့်ပါ စစ်ကားအကြီး ၃ စီးဖြင့် ကမ္မမြို့သို့ ထွက်ခွာလာသော အကြမ်းဖက် စစ် သားများကို မိုင်းအကြီးစားဖြင့် ၂ ကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှု ၂ ကြိမ် လုံး တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“မနက်က တိုက်မိုင်း အဝါပုံ မိုင်း ၃ လုံးနဲ့ နေ့လည်က မိုင်းအကြီးစားနဲ့ ၂ ကြိမ် ဆွဲခဲ့တာ၊ မနက်ကတော့ ခြေလျင်စစ်ကြောင်းပါ၊ နေ့လယ်ပိုင်းကတော့ စစ်ကား အကြီးတွေနဲ့ပဲ၊ ကမ္မမြို့ထဲက ရုံးတော်တော်များ ကို ဝင်တိုက်မီးရှို့ခံရပြီးတော့ အင်အားတွေဖြည့်နေတာ၊ မြို့ထဲက ပြည်သူတွေလည်း တိမ်းရှောင်နေရ ကြ တယ်၊ မြို့ပြတွေကို တိုက်ခိုက်နိုင်ဖို့ အခုပြုလုပ်နေတဲ့ မြို့ပြတိုက်ပွဲ ကျည်နှစ် သောင်းခွဲ ကမ်ပိန်း လေးမှာပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၁၉ ရက် နေ့က ပခုက္ကူမြို့နှင့် ၁၈ မိုင်ခန့်ဝေးသော ကမ္မမြို့အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ရုံး၊ ထွေ/အုပ် ရုံး၊ စိုက်ပျိုးရေးတို့ကို မိုင်းခွဲ မီးရှို့ဖျက်ဆီး နိုင်ခဲ့ပြီး ရဲစခန်း ကို တိုက်ခိုက်သိမ်းပိုက်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ ရောက်ရှိလာသဖြင့် သိမ်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယင်း တိုက်ပွဲတွင် အကြမ်းဖက်စစ် သား ၇ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။