KNUအုပ်ချုပ်နယ်မြေ သထုံခရိုင် ခရိုင်းရုံးဟောင်းနှင့်စစ်ဗျူဟာရုံးတို့ကိုယနေ့ နေ့လယ်၁၂နာရီအချိန်တွင် စစ်ကောင်စီဘက်မှလေယာဉ်နှစ်စင်းဖြင့်လာရောက်တိုက်ခိုက်ခဲ့တယ်လို့တပ်မဟာတာဝန်ရှိသူထံမှသိရှိရပါတယ်။
“ဒီနေ့လည် ၁၂နာရီလောက်မှာလာပစ်သွားတယ်။ အရင်ခရိုင်ရုံးဟောင်းနေရာနဲ့စစ်ဗျူဟာရုံးမှာ အဆောက်အဉီးထိခိုက်ပျက်စီးမှုရှိတယ်။ ကိုယ့်ဘက်ကရဲဘော်တွေတွေတော့ထိခိုက်မှုမရှိဘူး” လို့ သူကဆိုပါတယ်။
လာရောက်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးရှုံးဆုံးမှုတန်ဖိုးကျပ်သိန်းသုံးရာကျော်ရှိတယ်လို့သူကဆိုပါတယ်။