ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် တော်လှန်ရေး ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းကို ၉၀ မမ ၂ လုံး၊ ၁၀၇ မမ ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးများသည် မြစ်ကြီးနားလေတပ်စခန်းထဲသို့ ကျရောက်ပေါက်ကွဲပြီး အထိအခိုက် အခြေအနေ မသိရှိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
” ကျနော်တို့တွေ ဒီမစ်ရှင်ကို ကြိုးစားနေခဲ့တာကြာပါပြီ။ ၂၀၂၂ ခုနှစ် ၂ လ ပိုင်း ကတည်းက ကြိုးစားနေကြတာပါ။ ဒီမနက် ပစ်ခတ်မှုမှာ လေတပ်ထဲ လက်နက်ကြီးပေါက်ကွဲသံကြားတယ်လို့ သတင်းပို့လာတာရှိပါတယ်။ အသေး စိတ် တော့ မသိရသေးပါဘူး” ဟု ကချင်ပြည်နယ်အခြေစိုက် တော်လှန် ရေး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက လေတပ်မှ ဖရဲသီး သတင်းရင်းမြစ်တချို့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ မြစ်ကြီးနားမြို့လေတပ်အတွင်းတွင် ပြင်ပနှင့် ဆက်သွယ်ရေးအားလုံး ယာယီ ပြတ်တောက်နေကြောင်း ၊ ထို့ကြောင့် အခြေအနေ အသေးစိတ် မသိရှိရသေးဟု ပြောဆိုသည်။