ရန်ကုန်မြို့ရှိ လူစည်ကားရာ ဘက်စ်ကားမှတ်တိုင်တစ်ခုတွင် ကျောင်းသားလူငယ်များက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့(စက်တင်ဘာ ၂၄) ညနေက ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
ယင်းကျောင်းသားလူငယ်များက “အထွေထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့” စာသားပါ ဘန်နာအား မှတ်တိုင်တစ်ခုတွင် ချိတ်ဆွဲပြီး ဆေးနီပက်ဖြန်းခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အထက ၂ မရမ်းကုန်း ၊ Mayangone Democratic Front (M.D.F) နှင့် Burma Youth Revolutionary Force – BYRF တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။