မွန်ပြည်နယ် ၊ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ကင်းစခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေ စက်တင်ဘာ၂၄ နေ့လည်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာဖော်ပြပါတယ်။
မနေ့ နေ့လယ်ပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်က ရေးမြို့နယ် ၊အာယုတောင်အခြေစိုက် ခမရ ( ၅၈၇) ရဲ့ တပ်ရင်းရှေ့ ကင်းစခန်းကိုသွားတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်စိတ်မှူးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ NUG ဘက်က ဆိုထားပါတယ်။
ခမရ ၅၈၇ ကို မတိုက်ခိုက်ခင် တစ်ရက်အလိုမှာလည်း ရေးမြို့နယ်မှာရှိတဲ့ ခမရ ၅၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို KNU ပူးပေါင်းတပ်တွေက ဝင်ပစ်ခဲ့တာရှိခဲ့ပါတယ်။