ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သတင်းပေးပို့ခဲ့ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီး မြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှတစ်ဆင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခဲ့သောကြောင့် အသက် ၈၀ အဖွားအို ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိူးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အသက် ၈၀ အရွယ် အဖွားအို သည် ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် အသက်န္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။