မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ရဲစခန်းအား လျက်ဆားပုလင်း လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စက်တင်ဘာ၂၃ရက် ည ၇နာရီခန့်က စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရဲစခန်းရှိ ရဲများ ဝင်းတံခါးပိတ်နေစဉ် လျက်ဆားပုလင်းလက်ပစ်မိုင်းဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲ ခြောက်ဦးအနက် လေးဦးခန့် လဲကျသွားပြီး ကျန်ရဲအချို့မှာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။