စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စု ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီးခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
အရက်၊ ဘီယာ အပါအဝင် စစ်အုပ်စု ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတာ၊ စစ်အုပ်စုကို အခွန်ဆောင်တာဟာ ပြည်သူကို သတ်ဖြတ်ဖို့ စစ်အုပ်စုကို ကျည်ဆံဖိုး ထောက်ပံ့ပေးသလို ဖြစ်တာကြောင့် စစ်အုပ်စု ထုတ်ကုန်တွေကို အသုံးစွဲဖို့၊ စစ်အုပ်စု စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ စစ်အုပ်စုကို အခွန်မဆောင်ဖို့ နိုင်ငံတဝန်းက ပြည်သူအချင်းချင်း တိုက်တွန်းထားပါတယ်။