စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက် ထားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်ကစပြီး ကလေးမြို့တောင် ပိုင်းရှိ မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ၊ ကျန်သာတို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ကျန်သာရွာမြောက်ဘက်ရှိ အောင်သာယာ၊ အောင်မင်္ဂလာ၊ မှန်တောနှင့်တင်သားရွာဘက်သို့ ဖောကား ၈ စီးဖြင့် စစ် ကြောင်းထိုးလာခဲ့ ကြောင်း၊ ယင်းနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်တပ်က ဖုန်းလိုင်းများ လည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်။
“ကလေးတောင်ပို်ငးမှာ ၂၆ ရက် မနက်ပိုင်းကစလို့ ဒီနေ့ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်၊ ဖောကား ၈ စီးနဲ့ စစ်ကြောင်းထိုးခဲ့တာပါ၊ တိုက်ပွဲအခြေအနေက ပြင်းထန်နေတုန်းမို့ နှစ်ဖက် ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါဘူး၊ အာဏာသိမ်းစကတည်းက အဲဒီဘက်မှာက အင်တာနက် လိုင်းတွေဖြတ်ထားခဲ့တာပါ၊ စစ်ကြောင်းထိုးတော့ ဖုန်းလိုင်းတွေပါ ဖြတ် ထားပါ တယ်သေးတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက ကလေးမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လည်းရှိနေပြီး အင်အားတိုးချဲ့မှုများရှိနေကြောင်း သိရှိရသည်။