မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာ ရှိ အမှတ်(၁၅)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)အား ရှော့တိုက်ဒုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၃ ရက် နံနက်၂နာရီခန့်က အောင်လံမြို့နယ်၊ ရွာမထုံးရွာအခြေစိုက် အမှတ်(၁၅) ကပစ အား (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းက ထုတ်ပြန်သည်။
အမှတ်(၁၅)ကပစစက်ရုံသည် စစ်ကောင်စီအတွက် (၈၁) မမ ၊ (၆၀)မမ ၊ (၁၂၀)မမ စသည့် စိန်ပြောင်းလက်နက်ကြီးများ အဓိကထုပ်လုပ်နေသည့် ဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
ယင်းတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲ ၁၊ သရက်ခရိုင် အမှတ်(၁)တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းအသိပေးပြောကြားထားသည်။