တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ်တစ်ဦးအပါအဝင် ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီ တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ ညောင်ပင်ကွင်းတံတားအနီးရှိ စစ်ဆေးရေးဂိတ်ကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာဗိုလ်တစ်ဦး၊ တပ်သားတစ်ဦး သေဆုံးပြီး ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၂ ၏ တပ်ခွဲ ၁ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်း ခမရ ၅၆၁ တပ်ရင်းအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မကြာခဏ ထွက်ပြေး နေပြီး ယခု စက်တင်ဘာလ အတွင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖထံသို့ တပ် သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ဂုဏ်ပြုချီးမြှင့်ငွေ ၃၆ သိန်း ကျပ် ပေးအပ်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။