စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီတဂူကျောင်းတိုက်အတွင်း တပ်စွဲကာ ပြည်သူလူထုကို အကြမ်း ဖက်နှိပ်စက်နေသော စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စံဖဲက ပြောကြား သည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်က ယင်းမာပင်မြို့နယ်၊ သီတဂူကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တာဝေးပစ်လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေရာယူထားသည့် နေရာများကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက် ခိုက်ပြီးပြန်လည် ဆုတ်ခွာချိန်တွင် ရှေ့တိုးလာသော အကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေး ကင်းပုန်းတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တိုးပြီး ရင်ဆိုင်တိုက်ပွဲ အနည်းငယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျ မသိရပဲ ဒဏ် ရာရ စစ်သားများကို မုံရွာ၊ နမခတပ်အတွင်းမှ အင်အားဖြည့်ရင်း ရောက် ရှိလာသော စစ်ကားအကြီး ၂ စီး ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်စုဝင်များ ဖြစ်ကြ သော နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Fighter Brotherhood Guerrilla Army ၊ Eagle Defense Force(EDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ၊ Salingyi Border Task Force၊ ၊ တောကျီးကန်း၊ တောသားကြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ ၊ Arrlarwaka LDF ၊ AK ပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူအားလုံးရဲ့ PK ၊ Black Vote Fighter ၊ အညာ ဒေါင်းမင်းစစ်ကြောင်း ၊ Black Shadow ( DRPA တပ်ခွဲ ၄ ) ၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် နှင့် Black Eagle တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စစ်ရေး အရှိန်မြှင့်တိုက်ခိုက်နေပြီး ပြည်သူ့မျက်နှာမူကာ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် မည် သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်နေသော လက်နက်ခဲယမ်း များဖြည့်တင်းနိုင်ရန်အတွက် မိဘပြည်သူများမှ ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။