ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၅) မှ ရဲဘော် တစ်ဦး တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံးသွားတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
KNDF တပ်ရင်း (၁၅) မှ ရဲဘော်စိုင်းဝင်းသိန်း (ခ) ကိုလူချောဟာ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ကရင်နီပြည် တစ်နေရာမှာ ကျဆုံးသွားတယ်လို့ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် စိုင်းဝင်းသိန်း ရဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းပြီး ကျဆုံး ရဲဘော်ကို အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ထားတယ်လို့ KNDF တပ်ရင်း (၁၅) က ဆိုပါတယ်။
ရဲဘော် စိုင်းဝင်းသိန်း ရဲ့ ဈာပန အခမ်းအနားကို တပ်ရင်း တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များက ကရင်နီပြည်နယ် တစ်နေရာမှာ ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၁၅) အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။