ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၁၂) ဖွဲ့စည်းမှု ၂ နှစ်ပြည့်အခမ်းအနားကို မနေ့က ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။
အခြေအနေ အရပ်ရပ်ကြောင့် တပ်ရင်း ၂ နှစ်ပြည့် အခမ်းအနားကို အကျဉ်းသာ ကျင်းပခဲ့ပြီး တပ်ရင်းရဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူးများမှ ရဲဘော်များကို အားပေး အမှာစကား၊ မိန့်ခွန့်များ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခမ်းအနား ကျင်းပြပြီးနောက် ရဲဘော် ညီအစ်ကိုများက ပြည်သူတွေ ကျွေးတဲ့ ထမင်းတစ်နပ်ကို အတူတကွ စားသောက်ပြီး အခမ်းအနား ရုပ်သိမ်းခဲ့တယ်လို့ KNDF တပ်ရင်း (၁၂) က သတင်းထုတ်ပြန်ပါတယ်။
KNDF တပ်ရင်းအမှတ် (၁၂) အနေနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့ထိ ပြည်သူဘက်မှ ရပ်တည်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာ ကတိပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။