စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဆက်ကြေးကောက် ရန် ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ သီတဂူကျောင်းတိုက်၌ တပ်စွဲထားသော ရဲများသည် ပြည်သူများထံမှ ဆက်ကြေးကောက်ရန် ထွက်လာစဥ် ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ ဦး နှင့် ရဲတပ်ကြပ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။