မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မြင်းခြံလမ်းပေါ်တွင် ရဲကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးTayဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၃ ရက် နေ့လည် ၁၀ နာရီ မိနစ် ၄၀ ခန့်က မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့ ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများလိုက်ပါလာသည့် 4 Wheel ကား နှစ်စီးကို နွားထိုးကြီးမြို့နယ်၊ ကံရွာနှင့် ကံနှောင်းကျေးရွာကြားအရောက် ၆ လုံးတွဲ ပဒေသာမိုင်း ၁ ပွိုင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးTayဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။