မွန်ပြည်နယ်၊ ရေးမြိုနယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က စစ်ရေးအရှိန်မြှင့်တင် သွားမယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ Dawna Columnက ဒီနေ့မှာ အတည် ပြု ထုတ်ပြန်ပါတယ်။
ဒေါနစစ်ကြောင်းအနေနဲ့ နယ်မြေသစ်မှာ နယ်မြေခံမဟာမိတ်တွေနဲ့ ပူးပေါင်းကာ နယ်မြေသစ်ပြောင်းရွှေ့မှု ဇူလိုင်လ ကနေ စက်တင်ဘာလအထိ ၃လတာအတွင်း မြိုပြစစ်ဆင်ရေး တွေအပါအဝင် Drone စစ်ဆင်ရေး ၊ လက်နက်ကြီး စစ်ဆင်ရေးး (၇) ကြိမ်တိတိ ဖော်ဆောင်ခဲ့နိုင်ခဲ့တာပါ။
တိုက်ပွဲဖော်ဆောင်မှုအတွင်း ရန်သူသေဆုံးသူ စုစုပေါင်း(၂၈)ဦးရှိခဲ့ပြီး ရန်သူဒဏ်ရာ ရရှိသူ (၄၀)ဦး ရှိကာ ကော့ကရိတ်နဲ့ လက်ခတ်တောင်ကို ပေးပို့နေတဲ့ အကြမ်းဖက် စစ်တပ်ထုတ်နှုတ်အင်အားတွေကို ခြိမ်းခြောက်ဟန့်တား လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း ဒေါနစစ်ကြောင်းနဲ့ မဟာမိတ််အဖွဲ့တွေ ပူးပေါင်းကာ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် စစ်ရေး အရှိန်ကို ပိုမိုမြှင့်တင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြည်သူတွေကို သတင်းစကားပါးခဲ့တာပါ။