မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြိုင်မြို့နယ်ပြည်သူ့တော်လှန်ရေးအထောက်အကူပြုကော်မတီ (MPRSC) က ဦးဆောင်ပြုလုပ်သော “လူထုစကားဝိုင်း” သို့ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ(BEGSC-MYAING)မှ ကော်မတီဝင်အချို့ သွားရောက်ပူးပေါင်းကာ ဒေသပြည်သူလူထုကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေသော စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီးစီးသည်အထိ တော်လှန်တိုက်ပွဲဝင်ကြရန်နှင့် လက်ရှိတော်လှန်ရေး အခြေအနေများအပါအဝင် လူထုတစ်ရပ်လုံးပါဝင်သော လူထုတော်လှန်ရေးပီသအောင် ကျရာတာဝန်အသီးသီးကို ထမ်းဆောင်ကြရင်း မပြီးပြတ်သေးသော တော်လှန်ရေးခရီးကို သက်လုံကောင်းကောင်းဖြင့် ဆက်လက်ချီတက်ကြရန် အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ကြသည်။