အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ဆရာများနေ့” အခမ်းအနားကို ကရင်နီဒုက္ခသည်စခန်းအမှတ် (၁)မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်သွားပါတယ်။
အခမ်းအနားမှာတော့ တာဝန်ရှိသူတွေကနေ အမှာစကားပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ၅နှစ်နဲ့အထက် တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြင့်ခြင်း စတဲ့အစီအစဉ်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီအစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။