မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ကနေ လက်ရှိအချိန်ထိ ဗ.က.သ များအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအနှံ့ပြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပေါင်း (၁၀၀၀) ကျော်ကို ပုံသဏ္ဍန်မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဗ.က.သများအဖွဲ့ချုပ်ဟာ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းစဉ်တချို့ကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယအကြိမ် “ABFSU Fundraising Campaign” ရံပုံငွေရှာဖွေရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့အတွက် ပြည်တွင်း/ပြည်ပက ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။