အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး ၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ခင်ဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ကလေးတွေအတွက် အာဟာရတိုက်ကျွေးတာနဲ့ စာရေးကိရိယာ ပံ့ပိုးတာတွေကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဒီလိုပြုလုပ်ရာမှာ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ စာသင်ကျောင်းတွေက စစ်ဘေးရှောင် ကျောင်းသားတွေနဲ့ ကျောင်းတာဝန်ခံတွေအတွက် စက်တင်ဘာ ၂၉ ရက်မှာ အာဟာရကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့ပြီး ကျောင်းသားတွေအတွက် စာရေးကိရိယာတွေ ပေးအပ်ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အာဟာရတိုက်ကျွေးပွဲသို့ ခင်ဦးမြို့နယ်၊ လူသားစာနာ တာဝန်ခံ၊ အမျိုးသမီး၊လူငယ်တာဝန်ခံတို့က လုပ်အားဒါနပါဝင်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။