မသူဇာမောင်သည် မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသား၆ဦးကို မလေး (လဝက)ကဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်ပို့ခဲ့သည့် အမှုကိစ္စအပေါ် စစ်ကောင်စီသံရုံးကို တင်ပြပေးခဲ့အပြီး လအနည်းငယ်အကြာတွင် မိသားစု တစ်စုလုံး ဖမ်းဆီးခံခဲ့ရကာ မလေးရှားကနေ စစ်ရေယာဉ်ဖြင့် မြန်မာနိုင်ငံကို မိသားစုတစ်စုလုံး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
မသူဇာမောင်သည် ယမန်နေ့ အောက်တိုဘာ ၄ရက်နေ့တွင် ရေကြည်အိုင် စစ်ကြောရေး၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေစဉ် ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ရေကြည်အိုင်မှ ဖရဲသီးတစ်ဦးမှ သတင်းပေးပို့ခဲ့ခြင်းကြောင့် သိရှိခဲ့ရပါသည်။
“ဒါလူပါးဝတာ သူများနိုင်ငံအာဏာပိုင်အတွင်းမှာတောင်ဒီလိုလုပ်တယ်ဆိုတော့ ဒါကိုလည်းနိုင်ငံတကာကလက်ပိုက်ကြည့်နေတာအံ့ဩမိတယ်၊
စစ်အုပ်စုကစစ်ရာဇဝတ်မူတွေကိုပြည်တွင်းမှာမကပြည်ပနိုင်ငံတွေအထိကျူးလွန်နေတာကိုဘယ်လိုထိထိရောက်ရောက်အရေးယူမလဲဆိုတာ မေးခွန်းထုတ်ရတော့မယ် ၊လေးရှားအာဏာပိုင်တွေအနေနဲ့လည်းဒီကိစ္စကိုအပြည့်အဝတာဝန်ယူဖြေရှင်းပေးရမယ်” ဟု နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
မသူဇာမောင်တို့ မိသားစုဟာ UNမှာခိုလုံခွင့်လျှောက်ထားတာတွေရှိတယ်လို့သိရှိရပါတယ်။ ထိုကဲ့သို့စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုကို UNHCR အဖွဲ့အစည်းမှ ၎င်းတို့ဆီမှာ စာရင်းတင်သွင်းပြီသား ပုဂ္ဂိုလ်ဖြစ်ပါလျှက်နှင့် ဘာမှ မတုံ့ပြန်ပဲ ရှိနေခဲ့သည်ဟု သိရှိရပါသည်။