မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနဲ့ ပြည်သူများ အင်အားပြည့် ချီတက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ကြားကာလပြည်သူ့အခြေပြုကျောင်း ၄ ကျောင်းမှ ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများ၊ ဘင်ခရာအဖွဲ့နဲ့ ဒေသပြည်သူလူထုပူးပေါင်းကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် “ဆရာများရဲ့ အခန်းကဏ္ဍ တော်လှန်ရေးနဲ့မြှင့်တင်ကြ´´ ၊ “ဖောက်ပြန်သူမှန်သမျှတော်လှန်မည် CDMကိုင်စွဲအဆုံးထိ တိုက်မည်´´ စတဲ့ စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။