စစ်ကောင်စီက ပုဂ္ဂလိကအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာကို တရက်လျှင် ကျပ် ၁၀၀၀ တိုး၍ တစ်ရက်လျှင် ကျပ် ၅၈၀၀ ပြင်ဆင်သတ်မှတ်ကြောင်းအောက်တိုဘာ ၅ ရက်ဖြင့်ထုတ်ပြန်သည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက၂၀၁၈ ခုနှစ်မတ်လတွင် တစ်ရက်လျှင် အနည်း
ဆုံးလုပ်ခလစာကို ကျပ် ၄၈၀၀အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ပြီး ၎င်းလက်အောက်ခံဝန်ထမ်းများကို အပိုထောက်ပံ့ကြေး တစ်ရက်ကို ကျပ် ၁၀၀၀ ထပ်မံခံစားခွင့်ပြုခဲ့ခြင်းကြောင့် ပုဂ္ဂလိကဝန်ထမ်းများလည်း ထိုနှုန်းအတိုင်းခံစားရမည်ဟုဆိုသည်။
ထိုသို့ အပိုခံသားခွင့်သတ်မှတ်ခြင်းကြောင့် အနည်းဆုံးလုပ်ခလစာကို ကျပ် ၅၈၀၀အဖြစ်အောက်တိုဘာ ၁ ရက်မှစတင်ပြီး သတ်မှတ်လိုက်သည်ဟု ဆိုသည်။
“တိုးပေးသင့်တာကြာပါပြီ။ ကုန်ဈေးနှုန်းက အရင်ကထက် ၃ ဆလောက်တက်သွားချိန်မှာ တရက် ၁၀၀၀ဆိုတာ အဆင်
ပြေစေတဲ့ ပမာဏတော့မဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။
အနည်းဆုံးလုပ်ခလစာကို ၂၀၁၅ခုနှစ်တွင် တရက်ကို ကျပ် ၃၆၀၀ နှုန်းမှ ၊ ၂၀၁၈ ခုနှစ်တွင် ၄၈၀၀ နှုန်းပြင်ဆင်သတ်ခဲ့ခြင်းဖြစ်သည်။ အနည်းလုပ်ခလစာကို နှစ်နှစ်တကြိမ် ပြင်ဆင်သတ်ရမည်ဟုဆိုသော်လည်း ၂၀၂၀တွင် ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၁တွင်စစ်တပ်အာဏာသိမ်းမှုကြောင့် လုပ်ခလစာကို မပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။