မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ရေစကြိုမြို့မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၇ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံး (စုပေါင်းရုံး) ၌ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သားများကို Myingyan Black Tiger –MBT တပ်ဖွဲ့ဝင်များမှ မီတာ ၃၀ အကွာခန့်အထိ ချဉ်းကပ်ပြီး ပြောက်ကျားနည်းဗျူဟာဖြင့် ၄၀ မမ ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၀ မမ ဗုံးသီးမှာ ကင်း စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၅ မိနစ်ခန့် အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“အပြန်အလှန်ပစ်ခတ်ရတာ ၅ မိနစ်လောက်ပါပဲ၊ စစ်ခွေးတွေက မြို့ပေါ်မှ နေရာအနှံ့ရှိတာဆိုတော့ အဲဒီ မှ ကြာကြာနေလို့မရဘူး၊ အခုတောင် ဆိုင်ကယ်ပါလို့ လွတ်လာတာ” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖစစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးတစ်ဦးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ ခေါ် ဆောင်ကာ ဒဏ်ရာရ စစ်သားများကို ကုသပေးခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ အကြမ်းဖက်စစ်သားများမှာ ကြေက်လန့်နေကြပြီး အချင်းချင်း အပြန်အလှန် ပြစ်တင်ပြောဆိုစကား များမှုရှိခဲ့ကြောင်း သိရသည်။