လိင်တူချစ်သူတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ခွဲခြားဆက်ဆံတာနဲ့ အကြမ်းဖက်တာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီရဲ့ အဖွဲ့ဝင်အင်အားစုတခုဖြစ်တဲ့ LGBT Community က ဦးဆောင်ပြီး လောင်းလုံးမြို့နယ်မှာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သပိတ်လှုပ်ရှားမှုမှာ ဒေသခံ အမျိုးသမီးတွေနဲ့ လူငယ်အများအပြား ပူးပေါင်းပါဝင်ပြီး ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။