အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်၊ အင်ဒီယာနာပုလိစ့်မြို့၊ သရဏမဉ္ဇူကျောင်း တိုက်၌ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲနှင့် 78th UN General Assembly – CREDENTIALS CAMPAIGN ကို ယနေ့ ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာတင့်ဆွေ၊ ကဗျာဆရာအောင်ဝေးတို့မှ အမှာစကား ပြောကြား၍ တော်လှန်ကဗျာရွတ်ဆိုခြင်း၊ တော်လှန်သီချင်းသီဆိုခြင်း၊ “Our Ambassor, Our Voice.””ငါတို့သံအမတ်၊ ငါတို့အသံ” ကြွေးကြော်သံတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာတင့်ဆွေ၊ ကဗျာဆရာအောင်ဝေးနှင့် ပြည်ပရောက်မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံတက်ရောက်ခဲ့ကြကြောင်း သိရသည်။