ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး ထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြား ကြောင်း KIA သတင်း ရင်းမြစ်နှင့် လိုင်ဇာဒေသခံတချိုထံမှ သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ် သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို ကျရောက်ပြီး ကလေးငယ် ၁၃ ဦး၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။
“မနေ့ည သန်းခေါင်ယံချိန်မှာ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာမှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင် Camp ဘက်ကို လက်နက် ကြီး ကျပြီး သေဆုံးသူများတယ်။ ကလေးတွေ ရော အမျိုးသမီးတွေရော အများ ကြီး သေတာ။ ၃၂ ဦး အတည်ပြုနိုင်ပြီ။ ကလေး ၁၃ ဦးပါတယ် ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော မုန်လိုင်ချက်စစ် ဘေးရှောင် စခန်းသည် လိုင်ဇာမြိုနှင့် ၂ မိုင်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။