ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် – မြဝတီ လမ်းဟောင်း၊ အာရှလမ်းမမြေပြိုစဉ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကျားဖြူ တပ်ခွဲ (၄) (Tlbino Tiger Company 4 PDF) က လုံခြုံရေးဆောင်ရွက်နေစဥ် ခရီးသွားပြည်သူများတွေက လှူဒါန်းသွားတဲ့ငွေများနဲ့ လက်နက် ခဲယမ်းဝယ်ယူနိုင်ခဲ့တယ်လို့ ကျားဖြူ တပ်ခွဲ (၄) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူတပ်ခွဲ (၄) ကို လှူဒါန်းခဲ့တဲ့ခရီးသွား ပြည်သူများကို ကျေးဇူးအထူးတင်ရှိပြီး ဝယ်ယူခဲ့တဲ့ လက်နက်၊ ခဲယမ်းများကို ဖော်ထုတ်ပြသခဲ့တာ ဖြစ်တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျားဖြူတပ်ခွဲ (၄) က အသိပေးထုတ်ပြန်ထားပါတယ်။