မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးနိုင် ယနေ့ နံနက် ၁၁နာရီခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
“အေးနိုင်က ရပ်ကွက်ရုံးက အိမ်ကိုထမင်းစားပြန်တာ။ လမ်းမှာ အပစ်ခံရတာ။ပွဲချင်းပြီးသေဆုံးတယ်”ဟု ရေးမြို့နယ်၊အောင်မေတ္တာရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ဦးအေးနိုင်အား ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခြင်းဟု သိရသည်။ သို့သော် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးပေ။
မွန်ပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် အထက်ပါပစ်ခတ်မှုဖြစ်ပွားခဲ့သလို နံနက် ၁၀နာရီချိန်ခန့်တွင်သံဖြူဇရပ်မြို့အဝင် စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့အဝင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမူနောက်ဆက်တွဲအခြေအနေကို အသေးစိတ်မသိရှိရသေးပေ။