၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာသိမိးပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလမှာ သေဆုံးခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ပြည်သူ စုစုပေါင်းမှာ (၄၁၄၃) ယောက်ရှိခဲ့ပြီလို့ AAPP ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့ပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၂၆၄) ဦးယောက်ရှိတယ်လို့ AAPPကဆိုပါတယ်။
အခု ၂၀၂၃ အောက်တိုဘာလ ၉ ရက်နေ့အထိ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၃) ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ယောက် အပါအဝင် (၁၁၉) ယောက်မှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။