အကြမ်းဖက်စစ်ကောင်စီက ကချင်၃၀ပြည်နယ်၊ လိုင်ဇာမြို့နယ်၊ မုန်လိုင်ခက် စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က သဘောထားထုတ်ပြန် ကြေညာခဲ့သည်။
အောက်တိုဘာ ၉ရက်ညပိုင်း၌ မုန်လိုင်ခတ်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၃၀ဦးထက်မနည်းရှိခဲ့ပြီး ၆၀ဦးခန့်ရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
မွေးကင်းစကလေးငယ်များမှအစ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းအား ယခုကဲ့သို့တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်နေမှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်မှာ နိုင်ငံတကာ ဥပဒေများနှင့် လူအခွင့်အရေးပြဌာန်းချက်များအား ချိုးဖောက်နေသကဲ့သို့ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန် ကြိုးပမ်းနေကြသူများအတွက် လက်သင့်မခံနိုင်သော လုပ်ရပ် ဖြစ်ကြောင်း KSCCက ဖော်ပြခဲ့ပြီး ပြင်းထန်စွာ ရှုတ်ချခဲ့ခြင်းဖြစ်သည်။
မုန်လိုင်ခတ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူလူထုတို့၏ အသက်ဆုံးရှုံးမှုများနှင့် နစ်နာမှုများအတွက် ထပ်တူဝမ်းနည်းကြေကွဲကြောင်း KSCCက ထုတ်ပြန်ခဲ့သည်။
အာဏာတည်မြဲရန်အတွက် အပြစ်မဲ့ပြည်သူများ၏ အသက်ကို သတ်ဖြတ်နေသော စစ်အာဏာရှင်များနှင့် အာဏာရှင်ဟူသမျှ ကျရှုံးသည်အထိ ပြည်သူလူထု များနှင့်အတူ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KSCCက ထုတ်ပြန်ကြေညာခဲ့သည်။