ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့အောက်တိုဘာ ၁၀ရက်နေ့ မွန်းလွဲ ၁၂:၅၁ မိနစ်မှာတစ်ကြိမ်၊ မွန်းလွဲ ၂:၅၈မိနစ်မှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ”ဒီနေ့ ထိတွေ့မှုဖြစ်တယ်။ ပြီးတော့ စကစဘက်က ဂျက်လေယာဉ်နဲ့ ၂ခါလာပစ်တယ်။ ဗုံး ၆ လုံးလာကြဲသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ပြီးခဲ့တဲ့လကတည်းကမြို့ထဲမှာ နှစ်ဖက်အပြန်လှန်ပစ်ခတ်ထိတွေ့မှုဖြစ်နေတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့ကတည်းက ထန်တလန်မြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ မကြာခဏ ထိတွေ့ပစ်ခတ်မှုရှိတယ်လို့ သိရပါတယ်။
ထန်တလန်မြို့မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်တပ်တို့တပ်စွဲထားကြတာဖြစ်ပြီး မကြာခဏထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။