မကွေးတိုင်း၊ ကံမမြို့တွင် သူခိုးဟု စွပ်စွဲကာ သံသယဖြင့် အဖမ်းခံရတဲ့ ပြည်သူ တစ်ဦးကို ကမ္မမြို့မရဲစခန်း ရဲ့ ရိုက်နှက်မူကြောင့် အောက်တိုဘာလ ၇ နေ့တွင် သေဆုံးခဲ့ရတယ်လို့ သတင်းရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကံမမြို့၂ ရပ်ကွက်တွင် နေထိုင်သော ဒေါ်မြမြရဲ့ နေအိမ်၌ ပိုက်ဆံနဲ့ရွှေထည်တွေ ပျောက်ဆုံးသွားသဖြင့် ၎င်းတို့နဲ့ ရင်းနှီးပြီး အဝင်အထွက်အမြဲရှိတဲ့ ဦးလင်းနိုင် ( ခ ) ဝေဇင်ဖြိုးဆိုသူကို သူခိုးဟု စွပ်စွဲကာ သံသယဖြင့် ကံမရဲစခန်းအား တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကံမမြို့မရဲစခန်းက ဦးလင်းနိုင်(ခ) ဝေဇင်ဖြိုးကို သံသယဖြင့် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးခဲ့ရတဲ့ အဲ့ဒီရက်မှာဘဲ ဦးလင်းနိုင်(ခ) ဝေဇင်ဖြိုးရဲ အမျိုးသမီးက ကလေးမွေးလို့ အာမခံနဲ့ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
ဦးလေးနိုင်(ခ) ဝေဇင်ဖြိုးအား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကံမရဲစခန်းက ဒုတိယအကြိမ် ထပ်မံဖမ်းဆီးပြီး အဖမ်းခံရတဲ့ ၂ ရက်အတွင်း မိသားစုဝင်နဲ့ ဖုန်းဖြင့် အဆက်သွယ်ရပြီး ကျန်တဲ့ရက်တွေ အဆက်သွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။
အဖမ်းခံပြီး အောက်တိုဘာလ ၇ ရက်၊ ညနေတွင် ကံမမြို့မရဲစခန်းက ဦးလင်းနိုင်(ခ) ဝေဇင်ဖြိုးရဲ့ အလောင်းကို ထုတ်ယူရန် မိသားစုဝင်အား အကြောင်းကြားခဲ့တယ်လို့ နီးစပ်တဲ့ အသိုင်းဝိုင်းက ဆိုပါတယ်။
သေဆုံးသွားတဲ့ အလောင်းကို မိသားစုဝင်များက ကမ္မမြို့ပြည်သူ့ဆေးရုံတွင် စစ်ဆေးပြီး မျက်နှာနဲ့ ခေါင်းမှာ ပွန်းပဲ့ပြီး အလောင်းက မချိမဆန့်သေဆုံးနေတယ်လို့ ဆိုပါတယ်။