စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ်၊ ခေါင်းခွဲကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှိဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၆ လုံးကျော် ပြာကျခဲ့ကြောင်း Youth for Community မြောင်လူငယ်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၁၂ ရက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်က မြောင်မြိုနယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ် တပ် စစ်ကြောင်းသည် ခေါင်းခွဲကျေးရွာကို ဝင်ရောက် စီးနင်းမီးရှိခဲ့ရာ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ပြီး ည ၉ နာရီကျော်အထိ မီးငြိမ်းသတ်ခဲ့ရကာ ကနဦး သတင်းများ အရ နေအိမ် ၁၆ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“ကနဦး ၁၆ အိမ်လောက်တော့ သိရတယ်ဗျ၊ အတိအကျသိရတာတော့ မရှိသေးဘူး၊ စစ်ခွေးတွေက အဲဒီ မီးလောင်တဲ့ရွာရဲ့ ဘေးရွာမှာ တပ်စွဲထားတော့ မီးဝင်ငြှိမ်းလိုက် ပြန်ထွက်လိုက်နဲ့ လုပ်နေရတာ၊ စစ်ခွေး တွေက အဲဒီဘေးနားရွာကနေ မထွက်ခွာသေးဘူး၊ ညတုန်းကတော့ ၉ နာရီလောက်အထိ မီးငြှိမ်းနေရ တုန်းပဲ၊ တိရစ္ဆာန်တွေလည်း အများအပြားသေပါတယ်” ဟု Youth for Community မြောင်လူငယ်ကွန် ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခေါင်းခွဲရွာ အနီးအနားရှိ ဇီးကျွန်းရွာ၌ တပ်စွဲထားသောကြောင့် ခေါင်းခွဲရွာ အတွင်းရှိ ပျက်စီးဆုံးရှုးမှု အခြေအနေကို အတိအကျ အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသွားခေါ်ဆောင်သွားပြီး ကျေးရွာ ၉ ရွာ မှ ပြည်သူ ၂၀၀၀ ကျော်မှာလည်း ထွက်ပြေး တိမ်းရှောင် နေရကာ အရေးပေါ် အစားအသောက် ၊ အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြိုမှ စက်လှေ ၂ စီးဖြင့် နနွင်းကိုင်းဆိပ်ကမ်းသို ရောက်ရှိနေ သော စစ်ကြောင်းနှင့် ပူးပေါင်းနိုင်ကြောင်း၊ အလားတူ ရေလယ်ကျွန်းဒေသ၊ မိဖုရားရွာသို ရောက်ရှိနေ သော အကြမ်းဖက် စစ်သားများသည်လည်း မဲကုန်းဆိပ်ကမ်းသို ကူးလာခဲ့ကြောင်း၊ မြောင်မြိုမရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စ်သားများသည်လည်း မြောင်လမ်းခွဲမှ တဆင့် စစ်ကြောင်းထိုးလာနေပြီး ရေလယ်ကျွန်း ဒေသကို စစ်ကြောင်း ၃ ကြောင်းဖြင့် ပိတ်ဆိုမည့်အနေ အထား စီစဉ်နေကြောင်း CDSOM ထံမှ သိရသည်။
ကျောက်ရစ်စခန်းမှ ထွက်လာပြီး ခေါင်းခွဲကျေးရွာကို မီးရှိဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင်များက တိုက်ခိုက်ခဲ့ရာ ၃ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ရေစကြိုမြိုနယ်၊ နနွင်းကိုင်းကျေးရွာ ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကိုလည်း ဒရုန်းဖြင့် ၂ နေရာ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။