စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်ဦးမြိုနယ်အတွင်းက ကျေးရွာတွေမှာ တော်လှန်ရေးရုပ်ရှင်တွေလှည့်လည် ပြသနေတယ်လို သိရပါတယ်။
တော်လှန်ရေးကာလ သွေးမအေးဖိုအတွက် တော်လှန်ရေးရုပ်ရှင်တွေပြသရင်း ခွန်အားပေးနေတာလို ချောင်းဦးမြိုနယ် လူငယ်အင်အားစုသပိတ်ကော်မတီဝင် ကိုဇွဲလေးကပြောပါတယ်။
” စကစ ရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေက အထိနာနေပါတယ်။ ပြည်သူတွေကို အားပေးစကား ပြောရင်း ပြသရတာပါ” လို ကိုဇွဲလေး က ဆိုပါတယ်။
ရုပ်ရှင်ပြသပွဲနဲ့အတူ ဦးကျော်မိုးထွန်းကိုသံအမတ်အဖြစ် ဆက်လက်ခန့်ထားဖို “ငါတိုရဲ့ သံအမတ်ကြီးသည် ငါတိုရဲ့ အသံဖြစ်တယ်” ဆိုတဲ့ ထောက်ခံဆန္ဒထုတ်ဖော်တာတွေကိုလည်း လုပ်ခဲ့ကြတယ်လို သိရပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းက NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံခင်းတမံခင်းမှာ အလွန်ရေးပါတဲ့နေရာက ရှိနေသလို စစ်ကောင်စီက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုလည်း ကမ္ဘာကိုချပြပေးနေတယ်လို ကိုဇွဲလေးက ဆိုပါတယ်။
ပြည်သူတွေကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေကို အောက်တိုဘာအစောပိုင်းကာလမှာ ရွာတရွာကို ၁ ကြိမ်စီနဲ့ ၆ ကြိမ်ပြသပေးခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီလို ရုပ်ရှင်ပြသရာမှာ ကျေးရွာ ပအဖ၊ ပကဖ နဲ့ တော်လှန်ရေးတပ်ဖွဲဝင်တွေက လုံခြုံရေးယူပြီး စောင့်ရှောက်ပေးခဲ့ကြပါတယ်။