တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၄ နှစ်ဝန်းကျင်အရွယ် လူငယ် ၁ ဦးနှင့် တမုတ်ချုံးရွာကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထပ်မံ ကျရောက်ခဲ့ပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်၏ အောက်ကင်းရွာ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၇ နှင့် ကမ္မလိုင်းရွာ အခြေစိုက် ခမရ ၅၅၈ တပ်ရင်း တို့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ကန့်ဘလူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုလာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကန့်ဘလူရှိ အကြမ်းဖက် စစ်တပ်၏ ၆၀၀၆ အမြောက်တပ်ထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဘယ်ကို ပစ်တာလဲ အတိအကျတော့ မသိရသေးပါဘူး။ ၆၀၀၆ အမြောက်တပ်က ပစ်တာ ၂ ချက်ရမ်းသမ်းပစ်တာ ပြည်သူတွေ အထိအခိုက်ရှိမရှိ ဆက်လက်စုံစမ်းစဲနေတုန်းပါပဲ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။