ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ် တစ်ချို့ ပျက်စီးသွားတယ်လို့ မိုးဗြဲမြို့ခံ တစ်ဦးကပြောပါတယ်။
မိုးဗြဲမြို့၊ ညောင်၀ိုင်းရပ်ကွက်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ စည်ကား (၁) နဲ့ စည်ကား (၃) ရပ်ကွက်ဘက်ကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“ပစ်တာတော့ ၃ လုံး၊ ၂ လုံးက မပေါက်ဘူးပေါ့နော်။ တစ်လုံးကတော့ ပေါက်သွားတယ်။ အိမ်ပေါ်ကျတာ” လို့ သူကရှင်းပြပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲ မဖြစ်ပေမဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုးဗြဲမြို့ အ၀င် အထွက်ကို စစ်ကောင်စီက တင်းကြပ်ထားသလို မြို့ပေါ် ခေတ္တပြန်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ဆေးရာမှာ ဖုန်းထဲမှာ မြို့တွင်း ဓာတ်ပုံတွေ ရှိမရှိ အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။