ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၄) (KNDF/B-14) ရဲ့ တည်ထောင် ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ရင်း အမှတ် (၁၄) သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပပြီး၊ KNDF တပ်ဗိုလ်၊တပ်မှူးများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ KA တပ်ဗိုလ်၊တပ်မှူးများ ၊ ရဲဘော်၊ရဲမေများ တက်ရောက်ခဲ့ကြကာ၊ အာပေးစကားပြောကြားခဲ့ပြီး၊ ငွေစာရင်း ရှင်းတမ်း များကို ချပြရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၄) အနေဖြင့် မိဘပြည်သူများနဲ့ အတူ တစ်သားတည်းရပ်တည်ပြီး စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ပွဲဝင်သွားပါမယ်လို့ ကတိပြုရင်း မှတ်တမ်းတင်အပ်တယ်လို့ ဖော်ပြထားပါတယ်။