ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အမျိုးသမီးတွေဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ အဖွဲ့ဝင် အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)က ဦးဆောင်ခဲ့ပြီး ဒေသခံအမျိုးသမီးတွေနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။