မိုးမောက်မြိုနယ် ဒေါ့ဖုန်းယန်မြိုအနီး မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဒိန်ဂါယန်ကျေးရွာကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲက မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှိဖျက်ဆီးခဲ့သည့် စစ်တပ်သည် ခလရ ၇၇ ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဆက်တိုက်ဖြစ်ပွားေနသည့် နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာစခန်းဘက်သို ဗန်းမော်မြိုဘက်မှ စစ်ကူတက်လာသည့် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွာကို မီးရှိဖျက်ဆီးခဲ့ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။
ဗီဒီယိုဖိုင်တွင်ပြောထားချက်အရ ရွာသားများက တိမ်းရှောင်နေရသည့် ရွာဖြစ်ကြောင်းသိရသည်။
အောက်တိုဘာ ၁၃ ရက်နေ့ကလည်း မိုးမောက်မြိုနယ်မှ လုံဂျွန်ယန်ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှိဖျက်ဆီးခဲ့ပြီး ကျေးရွာပေါင်း ၆ ရွာခန့်မှ ပြည်သူများ တိမ်းရှောင်နေရကာ အစားအသောက်ပြတ်လပ်လာ၍ အခက်အခဲဖြစ်နေကြကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောခ့ဲသည်။
ထိုအပြင် ယမန်နေ့ကလည်း ဖားကန့်လမ်း မအူပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှိဖျက်ဆီးခဲ့သည်။