ကချင်ပြည်နယ် မိုးမောက်မြိုနယ် ဒေါ့ဖုန်းယန်မြိုအနီးရှိ ဒိန်ဂါကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးရှိဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၅ရက်) နံနက် ၈နာရီ ၂၀မိနစ်မှစ၍ ဗန်းမော်ခရိုင် မိုးမောက်မြိုနယ် ဒေါ့ဖုန်းယန်မြို ဒိန်ဂါကျေးရွာကို စစ်ကောင်စီတပ်က မီးရှိနေနေသည်ဟု ပြောသည်။
“ဒိန်ဂါရွာအကုန်လုံးနီးပါးကို စကစ အကြမ်းဖက်စစ်တပ်မှ မီးရှိလိုက်ပါပြီ။ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ စာသင်ကျောင်းလည်း မီးထဲပါသွားပါပြီ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
သတင်းရင်းမြစ်က ပေးပိုသည့် အဝေးမှရိုက်ကူးထားသော ဒိန်ဂါရွာ မီးရှိခံရမှု ရုပ်သံမှတ်တမ်းတွင် နေအိမ်အများအပြား မီးလောင်နေ၍ မီးခိုးများထွက်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၂ရက် ညနေပိုင်းကလည်း ဒေါ့ဖုန်းယန်မြို လုံဂျွန်ယန်ကျေးရွာ ကျေးရွာကို မီးရှိဖျက်ဆီးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် သတင်းဖော်ပြသည်။
ခလရ(၄၁၅)တပ် ကျေးရွာအတွင်း ဝင်ရောက်လာ ၍ ရွာသားများကြောက်လန့်ကာ တောထဲသို ထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်က မီးရှိခဲ့ခြင်းဖြစ်သည်။ အိမ်ခြေ ၂၀ခန့်ရှိ လုံဂျွန်ယန်ကျေးရွာမှ အိမ်ခြေ ၁၁လုံးမီးရှိခံခဲ့ရကြောင်း အသိပေးသည်။
မိုးမောက်မြိုနယ် အောင်ဂျာဒေသအပါအဝင် မြစ်ကြီးနား -ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။
စစ်ကောင်စီတပ်သည် လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိပြီး ယခုအခါ မိုးမောက်မြိုနယ်ရှိ ကျေးရွာများကို အကြောင်းမဲ့ မီးရှိမှုများလုပ်ဆောင်လာနေခြင်းဖြစ်သည်။